တန်ဆောင်မုန်းလပြည့် အဖိတ်နေ့တွင် ရဋ္ဌနန္ဒက ဆင်ဖြူတော်လေး အပါအဝင် အခြားဆင်ဖြူတော်များနှင့် အဖော်ဆင်များအား အစာလာရောက်ကျွေးမွေးကြသူ များဖြင့်စည်ကားများပြား - Myanmar National Post

Myanmar National Post

News Agency

Breaking

တန်ဆောင်မုန်းလပြည့် အဖိတ်နေ့တွင် ရဋ္ဌနန္ဒက ဆင်ဖြူတော်လေး အပါအဝင် အခြားဆင်ဖြူတော်များနှင့် အဖော်ဆင်များအား အစာလာရောက်ကျွေးမွေးကြသူ များဖြင့်စည်ကားများပြား

 




MNP ၊ နိုဝင်ဘာ ၇

မြန်မာ့ယဉ်ကျေးမှုဓလေ့နှင့် မြန်မာတို့၏ စိတ်ရင်းကိုဖော်ညွန်းပြသနေသည့် မြန်မာ့ဆယ်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်းမုန်းပွဲတော်သည် မြန်မာတို့၏ အလှူသဒ္ဓါတရားထက်သန်မှု၊ ဘာသာတရားကိုင်းရှိုင်းမှုတို့ကို အထင်အရှား မြင်တွေ့ရသည့်ပွဲတော်တစ်ခုဖြစ်သည်။


ထိုသို့ အနှစ်သာရပြည့်ဝစွာ ဆင်ယင်ကျင်းပသော ရာသီပွဲတော်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ပြုကြသူများ၊ အလှူဒါနပြုကြသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည့်အပြင် နေပြည်တော် ဥပါတ္တသန္တိစေတီတော်မြတ်ကြီးရှိ ဆင်ဖြူတော်ဆောင် တွင် အောက်တိုဘာလ(၃၀)ရက်က ဘွဲ့နာမံတော် အမည်ပေးကင်ပွန်းတပ်နှင့် အဆောင်တော် တက်မင်္ဂလာပြုလုပ်ထားသည့် ရဋ္ဌနန္ဒက (ရဋ္ဌ=တိုင်းပြည်၊ နိုင်ငံ။ နန္ဒက=ချစ်ခင်မြတ်နိုးခြင်း၊ သာယာပျော်ရွှင်ခြင်း) (မြန်မာအဓိပ္ပာယ်အပြည့်အစုံမှာ- တိုင်းပြည်ကချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) ဆင်ဖြူတော်လေး အပါအဝင် အခြား ဆင်ဖြူတော်များနှင့် အဖော်ဆင်များအား သဒ္ဓါကြည်ဖြူစွာဖြင့် အစာလာရောက် ကျွေးမွေးကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)