Pages

Pages

ဘာသာသွေး


 

ဘာသာသွေး


တို့မြေဌာနီ၊ ရှေးခါဆီဝယ်

မထေရ်အပေါင်း၊ စံရာကျောင်းမှ

ငြိမ့်ညောင်းသာယာ၊ မိန့်အာဏာကို

ရပ်ရွာလူများ၊ လွန်လေးစားခဲ့။


ခုကားသို့နှယ်၊ မဟုတ်ကွယ်၍

နယ်ပယ်ပေါက်ဖွား၊ အမျိုးသားတို့

ဘုန်းဘုရားကျောင်းတွင်၊ စာမသင်တော့

ထို့ပြင် မြို့နေ၊ ကလေးတွေကား

တို့မေ ဘာသာ၊ တို့မေ စာကို

သင်ရာကောင်းမျှ၊ မထင်ကြဘဲ

ပြင်ကလာပေး၊ စာပထွေးကို

အလေးဂရု၊ အရေးပြု၏။


ထိုသူ့ဘာသာ၊ ထိုသူ့စာမူ

ခေတ်အခါလိုက်၊ လောကတိုက်ဝယ်

သိုက်မြိုက်ဖို့ရန်၊ အကြောင်းမှန်လည်း

နောင်သံသာတွက်၊ ကြောင်းမဖက်၍ 

သက်သက်မျက်စိ၊ တစ်ဖက်ကြည့်တည်း။


ဤသည့်တိုင်းသာ၊ နှစ်ပေါင်းကြာလျှင်

မြန်မာတိုင်းဖွား၊ အမျိုးသားတို့

ဘုရားကိုစွန့်၊ တရားစွန့်၍

စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း

ထိုအခါတိုင်းဖွား၊ လူအများလည်း

တရားလက်ကွာ၊ တစ်ဖက်စာကြောင့်

ဆက်ကာ ခုထက်၊ တိုး၍ ပျက်လိမ့်။


သို့တွက် များပြား၊ ဘုန်းဘုရားတို့

တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍

မလင့်စေရ၊ ကိုယ့်ဒေသ၌

သိပ္ပ ဝိဇ္ဇာ၊ ပြသင့်ရာကို

ကောင်းစွာပိုင်ပိုင်၊ ပြသနိုင်မှ

ဘုန်းလှိုင်ဟောပြ၊ သြဝါဒကို

စိတ်က ကြည်ဖြူ၊ လိုက်နာ ယူလျှက်

ကိုယ်မူ နှုတ်ပြောင်း၊ စိတ်လည်းကောင်း၍

နောက်နှောင်းမြန်မာ၊ သာသနာသည်

ရှည်ကြာနေသို့ ထွန်းမည်ကို။  ။


(ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၏ ဘာသာသွေး စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)


https://t.me/MyanmarNationalPost

No comments:

Post a Comment