ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

 



MNP - နိုဝင်ဘာ   ၆  


ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ မိသားစုများ၊ တပ်ရင်း / တပ်ဖွဲ့မိသားစုများ၊ ဒေသခံဗုဒ္ဓဘာသာဝင်မိသားစုများ၊ အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၏ ၂၀၂၂ ခုနှစ်၊ စုပေါင်းမဟာဘုံကန်ထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဟားခါးမြို့နှင့် ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တပညော ဘာသ အရှင်မြတ်ထံမှ ဧည့်ပရိသတ်အပေါင်းက ကိုးပါးသီလ ခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။


ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အနောက် မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်က ဇိုခွါးကျေးရွာ ဇိုခွါးသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တပဝရ အရှင်သူမြတ်ကိုလည်းကောင်း၊ ချင်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးက ဟားခါးမြို့၊  ကျောဘုတ်သာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်ကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးက ထန်တလန်မြို့နယ်၊ လုံလဲရ်သာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တဉာဏုတ္တရ အရှင်သူ မြတ်ကိုလည်းကောင်း၊ ကျန်သံဃာတော် (၇)ပါးနှင့် သီလရှင် (၂) ပါးတို့က ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။


ယင်းနောက် တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန် ဘုံကထိန်ပဒေသာပင် တန်ဖိုးစာရင်းများ ဖတ်ကြားကြေညာခြင်း၊ ၂၀၂၃ ခုနှစ်တွင် စုပေါင်းမဟာ ဘုံကထိန် အလှူတော်ကျင်းပနိုင်ရန်အတွက် ကထိန်ခံကျောင်းမဲနှိုတ်ခြင်းနှင့် ပင့်သံဃာဆရာတော် များအား လှူဒါန်းရန် ပဒေသာပင်များ မဲနှိုတ်လှူဒါန်းခြင်းများ ဆောင်ရွက်ပြီး ဟားခါးမြို့နယ်၊ ဇိုခွါးကျေးရွာ၊ ဇိုခွါးသာသနာပြုကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပဝရ အရှင်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။


ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်း အနားတွင် ပဒေသာပင် ၂၀ ခုနှင့် အလှူငွေများ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၃၆၈၆၄၀၀/− ဖြစ်ကြောင်း သိရသည်။


သတင်း - မောင်ထွန်းတောက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)