Pages

Pages

ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား၌ ရှေးရိုးရာအစဉ်အလာမပျက် တန်ဆောင်တိုင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ



MNP - နိုဝင်ဘာ   ၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား၌ ရှေးရိုးရာ အစဉ်အလာမပျက်  တန်ဆောင်တိုင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၇ နာရီက ကျင်းပသည်။


ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ဆရာတော်၊ သံဃာတော် ၁၉၀ ပါး၊ သီလရှင် ၁၆ အပါး စုစုပေါင်း ၂၀၆ ပါးအား ဆွမ်းဆန်တော်နှင့် ဝတ္ထုငွေများ လောင်းလှူခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment