Pages

Pages

သာပေါင်းမြို့နယ်၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် ဆီမီးထွန်းညှိ့ပူဇော်ခြင်း၊ နိဗ္ဗာန်ဈေးများ၊ ပဒေသာကပွဲများဖြင့် အေးချမ်းပျော်ရွှင်စည်ကား




MNP - နိုဝင်ဘာ   ၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ညနေခင်းအချိန်မှစတင်၍ ရပ်ကွက်လမ်းများအလိုက် ဆီမီးထွန်းညှိ့ပူဇော်ခြင်း၊ နိဗ္ဗာန်ဈေးများနှင့် ပဒေသာကပွဲများဖြင့် အေးချမ်းပျော်ရွှင် စည်ကားစွာ ဆင်နွဲလျက်ရှိသည်။


ထိုသို့တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် စေတီ၊ ပုထိုးများ၊ လမ်းမတစ်လျောက်တို့တွင် ဆီးမီးထွန်းညှိ့ခြင်းများ၊ အမှတ်(၃)ရပ်ကွက်လမ်းများအလိုက် နိဗ္ဗာန်ဈေးခင်းကျင်း မဲလက်မှတ်များ ဖြန့်ဝေကြပြီး မုန့်မျိုးစုံ၊ ဒေသမုန့်ပဲသာရေစာများ ပေးဝေကြ၍ အမှတ်(၂)ရပ်ကွက်၊ မြို့သစ်လူငယ်အဖွဲ့မှ ဆင်အကအလှများ၊ ပဒေသာကပွဲ၊ ကာရာအိုကေ သီချင်းဆိုပြိုင်ပွဲများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်းနွဲလျက်ရှိကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment