Pages

Pages

ရမ်းဗြဲမြို့၌ အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိ






MNP ၊  နိုဝင်ဘာ  ၁၂

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့ရွာများသန့်ရှင်းသာယာလှပစေရေးနှင့်မြို့ဥပဓိရုပ်လှပကောင်းမွန်စေရေးတို့ အတွက်ဌာနဆိုင်ရာများမှ စုပေါင်း၍ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်က ရမ်းဗြဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ တန်းနားပြင်ရပ်ရှိသောက်သုံးရေကန်နှင့်ရေကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ  သန့်ရှင်းရေးဆောင်ရွက်ရာသို့   မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တခြားဌာနဆိုင်ရာများမှ စုပေါင်း၍ သောက်သုံးရေကန်နှင့် ရေကန်ပတ်ဝန်းကျင် သန့်ရှင်းရေးသာယာလှပရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့  ဆောင်ရွက်ကြရာတွင်  ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့သည် ၎င်းသောက်သုံးရေကန်နှင့် ရေကန်ပတ်ဝန်းကျင် ခြံစည်းရိုးမျးပေါ်ရှိ  အမှိုက်များကောက်ယူခြင်း၊  ကန်ဘောင်ရိုးပေါ်ရှိ မြက်များ ခြုံနွယ်များနှင့် ပေါင်းပင်များခုတ်ထွင်ရှင်းပေးခြင်း  ရေကန်ပေါ်သို့ တက်ရောက်ရာလမ်းကိုရှင်းလင်းပေးခြင်းတို့ကို  ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment