Pages

Pages

ကျိုက်ထိုမြို့နယ်တွင် အမျိုးသားနေ့အကြိုစာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ ပြိုင်ပွဲ နှင့် စွမ်းရည်ပြိုင်ပွဲများပြုလုပ်





MNP ၊ နိုဝင်ဘာ ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားနေ့ အကြို စာဖတ်ရှိန်မြှင့်တင်‌ ရေး ဟောပြောပွဲ၊နံရံကပ်စာ‌ စောင်ပြပွဲနှင့် စွမ်းရည်ပြိုင်ပွဲများကိုနိုဝင်ဘာ (၁၀) ရက် နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက် အမှတ် (၄)အခြေခံပညာမူလတန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က အမျိုးသားအောင်ပွဲနေ့ အကြောင်းအားဟောပြောခဲ့ပြီး ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ၊ကဗျာရွတ်ဆိုပြိုင်ပွဲ များကိုပြုလုပ်ရာ ကျောင်း သားကျောင်းသူများကဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ယာဉ်စည်းကမ်း လမ်းစည်း ကမ်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ ၊ ဥပဒေများ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး၊ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေး၊စိတ်ကြွရူးသွပ်ဆေးများ၏ အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ သဘာဝ‌ ဘေးအန္တ ရာယ်ဆိုင်ရာကာကွယ်တားဆီးနေထိုင်ရေး အစရှိသည့်နံရံကပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးဆောင် ရွက် ရခြင်းမှာ ကျောင်းသား ကျောင်းသူများ စာဖတ်သည့်  အလေ့အထ ရရှိစေရေး၊  စဉ်းစားတွေးခေါ်မှု  မြင့်မားစေရေး နှင့်ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများ  ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment