Pages

Pages

နတ်မောက်မြို့နယ်တွင် ဒေသထွက်ဝါများ ဈေးကောင်းရရှိလျက်ရှိကြောင်းသိရ

 


MNP - နိုဝင်ဘာ   ၅


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဒေခံတောင်သူများအနေဖြင့် ယမန်နှစ်ကဝါမျိုးစုံ ဧက(၂၂၄၁၇)စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဝါမျိုးစုံဧက(၂၂၈၄၆) ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ ယခုအခါ ဝါများကောက်ယူရရှိပြီး ရောင်းချလျက်ရှိရာ ဈေးကောင်းရကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


အဆိုပါဝါအမျိုးစားများအနေဖြင့် ရွှေတောင်(၁၀)၊ ငွေခြည်(၆)၊ ရွှေတောင်(၈)၊ ငွေခြည်(၉)၊‌ငွေခြည်(၁၁) ဝါများကိုစိုက်ပျိုးကြရာ အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ရွှေတောင်(၁၀) ဝါများစိုက်ပျိုးကြကြောင်း သိရသည်။ ယခင်နှစ်ဝါများကောက်ယူရောင်းချရာတွင် ဝါတစ်ပိဿာလျှင် ငွေကျပ်(၁၆၀၀)ဈေးသာ ရောင်းချရသော်လည်း ယခုနှစ်ရောင်းဝါများရောင်းချရတွင် ဝါတစ်ပိဿာလျှင် ငွေကျပ်(၂၃၀၀)နှုန်းရောင်းချရကြောင်း သိရသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment