ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

 


MNP - နိုဝင်ဘာ   ၁၅


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက် (၉)နာရီမှစတင်၍ မြောင်းမြမြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ဌာနများကို ညွှန်ကြားထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့ ငှက်ပျောတောကျေးရွာအုပ်စု၊ စစ်ကုန်း ကျေးရွာ တောင်သူဦးကိုကိုကြီး၏ လယ်မြေတွင် နွေစပါးစိုက်ပျိုးရန်အတွက် စုပေါင်းထွန်ယက် နေမှု အခမ်းအနားကို တက်ရောက်အားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ သီးနှံစိုက်ပျိုးမှု အခြေအနေများကို တွေ့ဆုံမေးမြန်း ညွှန်ကြားမှုများပြုလုပ်ခဲ့သည်။ ထို့နောက် မြောင်းမြ−ပြင်ရွာ ကားလမ်းပိုင်းတွင်  ရွာခြင်းဆက်ကွန်ကရစ် လမ်းခင်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်မည့်အပေါ် လိုအပ်သည်များကို ညွှန်ကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြ− ပြင်ရွာ ကားလမ်းဘေးရှိ ရေမြောင်းတူးဖော်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ ပြင်ရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီး၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံ၍ အောင်ချက်မြင့်မားရေးအတွက် အားပေးစကား ပြောကြား၍ လမ်းညွှန်မှုများ ပြုလုပ်ခဲ့ပြီး စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ ပြီးနောက်  ပြင်ရွာတိုက်နယ်ဆေးရုံကို ဆက်လက်ကြည့်ရှုစစ်ဆေးပြီးဆေးရုံ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆေးရုံဝန်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခြင်း၊ ဆေးရုံအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)