Pages

Pages

မိုင်းဖြတ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး




MNP - နိုဝင်ဘာ   ၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးမတည် ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့  နံနက် ၁၀နာရီက လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို   မိုင်းဖြတ်အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က ဒေသတွင်းမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်းပြီး အမှာစကားပြော ကြားခဲ့သည်။  ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒေါက်တာထွန်းဇော်ဝင်းက မြို့နယ် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှုကော်မတီ ဖွဲ့စည်းနိုင်ရေး၊ စိမံကိန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးထွန်းရွှေက နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို ပြောကြားပြီး  တက်ရောက်လာကြသည့် ဟိုနားကျေးရွာမှ မွေးမြူရေးလုပ်ငန်းရှင်များက မွေးမြူရေးလုပ်ငန်း များကို အကြံပြုဆွေးနွေးခဲ့ကြသည်။  ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊  ဒေါက်တာထွန်းဇော်ဝင်းနှင့် တာဝန်ရှိသူများက  နိုင်ငံစီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေ ကျပ်သိန်း(၇၀၀)ဖြင့်ဆောင်ရွက်မည့် ဝက်မွေးမြူရေးခြံများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါစီမံကိန်းကို နိုင်ငံစီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေ ကျပ်သိန်း(၇၀၀)ဖြင့်  မြို့နယ်အတွင်းရှိ ဝက်မွေးမြူရေးလုပ်ငန်းရှင် အစုအဖွဲ့ (၂)ခုက ဝက်ကောင်ရေ (၃၅၀)ထပ်တိုးမွေးမြူသွားမည်ဖြစ်ကြောင်း ဒေါက်တာထွန်းဇော်ဝင်းထံက သိရသည်။


သတင်း - သန်းထွန်အေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment