Pages

Pages

လကမ္ဘာပေါ်တွင် နျူကလီးယား စွမ်းအင်သုံး အခြေစိုက်စခန်း တည်ဆောက်ရန် တရုတ်စီစဉ်



တရုတ်နိုင်ငံသည် လာမည့် ၂၀၂၈ ခုနှစ် တွင် လကမ္ဘာပေါ်၌ နျူကလီးယားစွမ်းအင်သုံး အခြေစိုက်စခန်းတစ်ခုအား တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။


လကမ္ဘာတွင် တည်ဆောက်မည့် အဆိုပါ အခြေစိုက်စခန်းအား နျူကလီးယားစွမ်းအင် ဖြင့်  လည်ပတ်သွားမည်ဖြစ်ပြီး တရုတ် အာကာသယာဉ်မှူးများ အနေဖြင့် လကမ္ဘာ သို့ လာမည့် ၁၀ နှစ်အတွင်း သွားရောက်နိုင်မည်ဖြစ်ကြောင်း  တရုတ်လကမ္ဘာလေ့လာ ရေးအစီအစဉ် အကြီးအကဲတစ်ဦးဖြစ်သူ ဝူဝေရန်က နိုင်ငံပိုင် CCTV သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။


တရုတ်နိုင်ငံသည် အာကာသလေ့လာရေးကို မကြာမီနှစ်များအတွင်း တိုးမြှင့်လုပ် ဆောင်ခဲ့ပြီး လေ့လာရေး ယာဉ်များကိုလည်း လကမ္ဘာသို့စေလွှတ်ခဲ့သည့်အပြင် ကိုယ်ပိုင် အာကာသစခန်းကိုလည်း တည်ဆောက်ခဲ့ သည်။ တရုတ်နိုင်ငံ၏ အဆိုပါအစီအစဉ် များသည် တရုတ်နိုင်ငံအား အမေရိကန် ပြည်ထောင်စုကို    တိုက်ရိုက်စိန်ခေါ်နိုင်သည့် အခြေအနေသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။


တရုတ်နှင့် အမေရိကန်ပြည်ထောင်စု နှစ်နိုင်ငံစလုံးသည် လကမ္ဘာသို့ အာကာသ ယာဉ်မှူးများအား စေလွှတ်ရန် ဒေါ်လာ ဘီလီယံပေါင်းများစွာ အသုံးပြုလျက်ရှိပြီး  လကမ္ဘာပေါ်တွင် လူသားများ အသက်ရှင် နေထိုင်နိုင်ရေးအတွက် လိုအပ်သည့်အရင်း အမြစ်များကို ရှာဖွေလျက်ရှိသည်။


တရုတ်နိုင်ငံသည်  ၂၀၁၉ ခုနှစ်တွင် လကမ္ဘာ၏ အစွန်းဖျားပိုင်းသို့ အာကာသ ယာဉ်တစ်စင်းစေလွှတ်နိုင်သည့် ပထမဆုံးသော နိုင်ငံဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် လကမ္ဘာရှိ နမူနာပစ္စည်းများကိုပါ ကမ္ဘာမြေသို့ သယ်ဆောင်လာနိုင်ခဲ့ကြောင်း    သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment