Pages

Pages

မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်





MNP ၊  နိုဝင်ဘာ  ၂၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ ၊အသိ ပ ညာ ဗဟုသုတ မြင့်မားတိုးတက်စေရန် ၊ လူငယ် လူရွယ်များ အာရုံစူးစိုက်လေ့လာမှု နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက် လာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အဋ္ဌမတန်း ၊ ဒသမတန်း နှင့် ဧကာဒသမတန်း မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းကို   ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက် တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အခြေခံပညာ အဋ္ဌမတန်း ၊ ဒသမတန်း နှင့် ဧကာ ဒသမတန်း မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းကို ကျင်းပပြုလုပ်ရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာစာ ဘာသာရပ်အား ဖြေဆိုကြရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း များမှ  အဋ္ဌမတန်း အဆင့် ဖြေဆိုသူ ၈ ဦး ၊ ဒသမတန်းအဆင့် ဖြေဆိုသူ ၁၃ ဦး  နှင့် ဧကာ ဒသမတန်းအဆင့် ဖြေ ဆိုသူ ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နေ့ လယ် ပိုင်း တွင် အင်္ဂလိပ်စာ ဘာသာရပ်အား ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ  မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို နိုဝင်ဘာ  ၂၉ ရက်နေ့တွင်  အထွေထွေ ဗဟုသုတ နှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း ၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု နှင့် ယုံကြည်မှုစစ်ဆေးခြင်း များကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အောင်မြင်သူများအနေဖြင့် ခရိုင်အဆင့်သို့ ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ် ကြောင်း မြို့နယ် ပညာ ရေးမှူးရုံးမှ သိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment