ပေါင်းတည်မြို့နယ် သကျမုနိမိုဃ်းကောင်းဘုရားကြီးဝင်း၌ ကောင်းမှုကုသိုလ်ပြုသူများဖြင့်စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်မြို့နယ် သကျမုနိမိုဃ်းကောင်းဘုရားကြီးဝင်း၌ ကောင်းမှုကုသိုလ်ပြုသူများဖြင့်စည်ကား

 


MNP - နိုဝင်ဘာ   ၈


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသော မြို့၏ကျက်သရေဆောင် သကျမုနိမိုဃ်းကောင်းဘုရားကြီးနှင့် မြတ်စွယ်တော်တိုက်ရှေ့ရင်ပြင်တော်တို့တွင် ယမန်နေ့တန်ဆောင်မုန်းလပြည့်နေ့နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှဘုရားဖူးဧည့်သည်များနှင့် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ယနေ့ တန်ဆောင်မုန်းလပြည့်နေ့တွင် ပေါင်းတည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်သူများ၊ စေတီပုထိုးများတွင် ပန်းရေချမ်း၊ ဆီမီးနှင့် ဆွမ်းတော်ဆက်ကပ်သူများနှင့် မြို့ပေါ် ၁၂ ရပ်ကွက်ရှိ လမ်းအသီးသီးတို့တွင်လည်း လမ်းမိသားစုများစုပေါင်း၍ စတုဒီသာများကျွေးမွေးလှူဒါန်းလျက်ရှိကြောင်းနှင့် ညပိုင်းတွင် မြို့၏ကျက်သရေဆောင် မင်းလကျ်ာစေတီတော်ရင်ပြင်၌ ဆီးမီး ၁၀၀၀ ထွန်းညှိပူဇော်ပြီး ပြည်ငြိမ်းအောင် အမျိုးသမီးဝတ်အသင်းက ပဌာန်းရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သူရကြီး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)