Pages

Pages

မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်သည့် စစ်ကြောင်း(၅)ကြောင်းမှ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

 


MNP - နိုဝင်ဘာ  ၂၇


ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်သည့် စစ်ကြောင်း(၅) ကြောင်းမှ ယနေ့နံနက်ပိုင်းတွင် ကန်းစွန်းကျေးရွာအုပ်စုနှင့် လက်မဲပြင်ကျေးရွာအုပ်စုများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ ဆွေးနွေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဗိုလ်မှူးသူရိန်စိုးမှ နယ်မြေဒေသလုံခြုံရေးကိစ္စရပ်များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းမှု များကိုလည်းကောင်း၊ အဖွဲ့ဝင်ဦးကျော်မြမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ  ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင် လိုအပ်ချက်များရှိပါက တင်ပြပေးနိုင်ပါကြောင်း ပြောကြားရာ ဒေသခံပြည်သူများမှ  လိုအပ်ချက်များကို မေးမြန်းဆွေးနွေး တင်ပြကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်  ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment