MNP ၊ နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ များအား ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်သည်။
ထိုသို့ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက် နှင့် တာဝန်ရှိသူများကလာ ရောက်ကြည့်ရှုကြပြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှလူရည်ချွန်ရွေးချယ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူ Grade- 9 မှ (၅)ဦး၊ Grade- 10မှ (၄)ဦး၊ Grade- 11 မှ(၄)ဦး စုစုပေါင်း (၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အနက်မှ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများကို နိုဝင်ဘာ(၂၉)ရက်နေ့၌ လူတွေ့စစ်ဆေးသွားမည်ဖြစ်ကာ ပြည်နယ်အဆင့်သို့ ဆက်လက်ပြီး သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment