Pages

Pages

တန်ဆောင်မုန်းလပြည့် ကျော် (၁)ရက်နေ့၌ ကျိုက်ထိုမြို့နယ်တွင် စတုဒီသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကား






MNP ၊ နိုဝင်ဘာ  ၈

မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်တွင် တန်ဆောင်မုန်းလပြည့်‌ ကျော် (၁)ရက်၊ နိုဝင်ဘာ(၈)ရက်နေ့၌ စတုဒီသာ ကျွေးမွေးလှူဒါန်းသူများ၊လာရောက်သုံးဆောင် သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကျိုက်ထို မြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတို့တွင် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီး ရက်ကြီးတို့ တွင်လမ်းအလိုက် ၊စု‌ ပေါင်း အလှူရှင်များ၊ တစ်ဦးချင်းအလှူရှင်များမှ  မုန့်ဟင်းခါး၊ အကြော်စုံ၊ မုန့်လက်ဆောင်း၊‌ ရေခဲမုန့် ၊အအေး စသည့် စားသောက်ဖွယ်ရာမျိုးစုံတို့ကို စတုဒီသာ ကျွေးမွေးလှူဒါန်းကြရာ ပြည်သူအများအပြား ပျော်ရွှင်စွာလာရောက် စားသောက်ကြကြောင်းသိရ သည်။


ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment