Pages

Pages

မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်‌မှု မြှင့်တင်ရေးဆွေးနွေး



MNP ၊ နိုဝင်ဘာ ၃၀

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ Mr. Fumio USUI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က နေပြည်တော် ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်‌ မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment