ရေဖြူမြို့နယ်၊ သက်ကယ်ကွက်ကျေးရွာတွင် ဒေသထွက် ငပိ၊ ငံပြာရည်၊ ငါးခြောက်တန်ဖိုးမြှင့်‌စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေဖြူမြို့နယ်၊ သက်ကယ်ကွက်ကျေးရွာတွင် ဒေသထွက် ငပိ၊ ငံပြာရည်၊ ငါးခြောက်တန်ဖိုးမြှင့်‌စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲပြုလုပ်




MNP - နိုဝင်ဘာ  ၂၁


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သက်ကယ်ကွက်ကျေးရွာတွင် ယနေ့နံနက် ၉ နာရီ၌ ဒေသထွက်ငပိ၊ ငံပြာရည်၊ ငါးခြောက် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက  ၅ ရက်ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်းကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိဝင်ငွေတိုးစေရန်၊ အသုံးစရိတ် ချွေတာတတ်စေရန်၊ ကိုယ်ပိုင်လုပ်ငန်း ထူထောင်၍ လက်တွေ့ဘဝမှာ ပြန်လည်းအသုံးချ တတ်စေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ကြောင်း နည်းပြဆရာမ ဒေါ်ရီရီလွင်က ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းတွင် ဒေသထွက် ငပိ၊ ငံပြာရည်၊ ငါးခြောက်များကို အသုံးပြုကာ စီးပွားဖြစ် ဈေးကွက်တင် ရောင်းချနိုင်ရန် ချက်ကြော်လှော်ပြုလုပ်နည်း ပို့ချပေးခဲ့ပြီး သင်တန်း သား/သူ (၁၅)ဦး တက်ရောက်ခဲ့ကာ  သင်တန်းကာလ (၅)ရက်ကြာသင်ကြား‌ပေးခဲ့ကြောင်း သိရသည်။


သတင်း - ခတ္တာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)