Pages

Pages

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးလှဆွေ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက် လူထုတွေ့ဆုံပွဲကျင်းပ





MNP ၊ နိုဝင်ဘာ ၂၇

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဦးလှဆွေသည်  ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက် လူထုတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆွေ၊ ကော်မတီဝင် ဦးဖိုးသိန်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းမြိုင်နှင့် ကော်မတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များတက်ရောက်ခဲ့ကြပြီး ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအခြေအနေနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၎င်းနောက် ဇေယျာသီရိမြို့နယ် ခေတ်အေးအုပ်စု အင်းသာကျေးရွာ၌ တည်ဆောက်လျက်ရှိသော ရေကာတည်ဆောက်ခြင်းလုပ်ငန်းအား ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးလှဆွေဦးဆောင်သောပါတီအဖွဲ့များမှ သွားရောက်၍ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment