MNP ၊ နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ဂွမြို့၌၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် အထက(ဂွမြို့)၌ အထွေထွေဗဟုသုတ ဘာသာရပ်ကို ဖြေဆိုခဲ့ကြောင်း သိရ သည်။
မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲကို ဂွမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများရှိ အထက်တန်း အဆင့် Grade-9/10 နှင့် 11တို့မှ ထူးချွန်ကျောင်းသား/သူ ၁၃ ဦးဖြေဆိုခဲ့ကြသည်။ ထိုသို့ဖြေဆိုခဲ့ရာတွင် ယမန်နေ့နံနက်ပိုင်းက မြန်မာစာဘာသာရပ်ကိုဖြေဆိုခဲ့ကြပြီး ညနေပိုင်းတွင် အင်္ဂလိပ်စာသာဘာသာရပ်ကို လည်းကောင်း၊ ယနေ့ဒုတိယနေ့တွင် နံနက်ပိုင်းက အထွေထွေဗဟုသုဘာသာရပ်ကိုဖြေဆိုခဲ့ပြီး ညနေပိုင်းတွင် နှုတ်ဖြေဘာသာရပ်ကိုလည်းကောင်း ဖြေဆိုလျက်ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment