ကျောင်းကုန်းမြို့၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းကုန်းမြို့၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပ



MNP - နိုဝင်ဘာ  ၂၉


နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည် ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ကျောင်းသားလူငယ်များ အဖြစ် လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် လူရည်ချွန် စီမံကိန်းများ ဆောင်ရွက်ရန် လူရည်ချွန်စိစစ်ရွေးချယ်ရေးကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ လူရည်ချွန်စိစစ်ရွေးချယ်ပွဲသို့ ကျုံပျော်ခရိုင်ပညာရေးမှူး ဦးကျော်ဇင်သန်း၊ မြို့နယ် ပညာရေးမှူး ဦးအောင်ကျော်မြင့်တို့ ကြီးကြပ်လျက် Grade 9(အဋ္ဌမတန်း)တွင် ကျား(၂၆)၊ မ(၂၄)၊ ပေါင်း(၅၀)ဦးတို့အား ဖြေဆိုချိန် (၁း၃၀)သတ်မှတ် ထားပြီး၊ Grade 10 (ဒသမတန်း)တွင် ကျား(၁၄)၊ မ(၁၅)၊ ပေါင်း(၂၉)ဦးနှင့် Grade 11(ဧကဒသမတန်း)တွင် ကျား (၁၄)၊ မ(၁၅)၊ ပေါင်း(၂၉)ဦးတို့သည် ဖြေဆိုချိန် (၂)နာရီ သတ်မှတ်ပေးထားကြောင်း မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာ ဖြေဆိုကြမည်ဖြစ်သည်။


နိုဝင်ဘာလ(၂၉)ရက်နေ့တွင် အထွေထွေဗဟုသုတ(နှုတ်ဖြေ) ကျင်းပမည်ဖြစ်ပြီး၊  နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ဆက်လက် ကျင်းပပြုလုပ် စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)