Pages

Pages

မူလတန်းအရွယ် ကျောင်းသား၊ကျောင်းသူကလေးများအား စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ပေး



MNP - နိုဝင်ဘာ   ၁၂


မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူကလေးများအား ဗဟုသုတနှင့်အသိပညာပေးခြင်း၊ စာဖတ်အားကောင်းစေရေး ကလေးစာပေများ ဖတ်ရှုစေခြင်းများကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ဖြူးမြို့ပေါ် အခြေခံပညာမူလတန်းလွန်(တပ်တွင်း) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့်  ဝန်ထမ်းများက အခြေခံပညာမူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးပုံပြင်များပြောကြားပေးခြင်း၊ နယ်လှည့်သုံးဘီးယာဉ်ဖြင့် စိတ်ဝင်စားစရာ ကောင်းစေသော ကလေးစာအုပ်စာစောင်များဖတ်ရှုစေခြင်း၊ ဖတ်ရှုသည့် စာအုပ်ပါအကြောင်းအရာများကို မေးမြန်းဖလှယ်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment