Pages

Pages

ကျိုက်ထိုမြို့နယ်တွင်(၇၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ







MNP ၊ နိုဝင်ဘာ ၇

ကျိုက်ထိုမြို့နယ်တွင် (၇၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲကို  မြန်မာသက္ကရာဇ်၁၃၈၄ ခုနှစ် တန်ဆောင်မုန်း လပြည့် ‌နိုဝင်ဘာ ၇ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ပထမဦးစွာ နံနက်၁၀ နာရီခွဲတွင် မဟာဘုံကထိန်ပွဲကျင်းပရန်  ပင့်ဖိတ်ထားသည့်ဆရာတော် သံဃာတော်များအား မဟာဘုံကထိန်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့မှ မဟာမေဃဝန်ကျောင်းတိုက် ဓမ္မာရုံ၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးကျောင်း(၅၅)ကျောင်းအတွက်  ပဒေသာပင်(၅၅)ခု တန်ဖိုးငွေ စုစုပေါင်း (၃၁၈၇၅၂၅၀)ကျပ်နှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများအား စာရေးတံမဲနှိုက်ပြီး မဟာဘုံကထိန်ပွဲကျင်းပရာ မြို့နယ်သာသနာ့ ဗိမာန်တော်သို့  ဆရာတော်များအားဆက်လက် ပင့်ဖိတ်၍ပို့ဆောင်ပေးခဲ့သည်။

ယင်းနောက် ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန်တော်၌ မွန်းလွဲ ၁၂နာရီတွင် ဘုံကထိန် သင်္ကန်းကပ်လှူ ပွဲ အားမြိုနယ်သာသနာ့ဗိမာန်တော်၌စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား န‌မောတဿ (၃)ကြိမ်ရွက်ဆိုဖွင့်လှစ်ပြီး ကံကြီးဝိုင်ကျောင်းတိုက် ဆရာတော် ဥူးသုဇာတ ထံမှ (၅) ပါးသီလခံယူ၍ မြို့နယ်မဟာဘုံကထိန်ကျင်းပရေးအဖွဲ့ ဒုတိယ ဥက္ကဌ / ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားဥက္ကဌ 

ဦးမြင့်လွင် မှ မြို့နယ်လုံးကျွတ် မဟာဘုံကထိန် ကျင်းပရခြင်းနှင့်ပတ်သက်၍ ဆရာတော်သံဃာတော်များနှင့် အလှူရှင်များအား လျှောက်ထားတင်ပြခဲ့သည်။

ထိုနောက် ကထိန် သင်္ကန်းအား ကျိုက်ထိုခရိုင် အုပ်ချုပ်ရေးမှူးဦးကျော်နိုင်ထွန်း၊ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးနှင့်အလှူရှင်များကဆရာတော်ကြီးများထံ ဆက်ကပ် လှူဒါန်း ပြီး  လှူဒါန်းမှုအစုစုတို့အတွက် ကံကြီးဝိုင်ကျောင်းတိုက်ဆရာတော် ဥူးသုဇာတ မှရေစက်သွန်ချ အနုမောဒနာတရားချီးမြှင့်ပြီး ဗုဒ္ဓသာသနံ စီရံတိဌတု(၃)ကြိမ်ရွက်ဆိုပူ‌ဇော်၍ အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။

ယခုနှစ်ကျင်းပသည့်(၇၃)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတွင် ကျောင်းတိုက်ပေါင်း(၅၅)ကျောင်း မှရဟန်း(၅၂၆)ပါး သာမဏေ (၂၇၄)ပါး စုစုပေါင်းရဟန်း သာမဏေ(၈၀၀)ပါးတို့အား ကထိန်သင်္ကန်းများဆက်ကပ်ပြီး သီလရှင်အပါး(၃၀၀) အတွက် သီလရှင်ဝတ်စုံများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါလှူဒါန်းမှုမှာ ကထိန်သင်္ကန်း၊ငွေပဒေသာပင်၊ဆွမ်းဆန်စိမ်းနှင့် စားသုံးဆီ စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း(၈၅၀)ခန့် ဖြစ်ကြောင်းသိရသည်။


ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment