Pages

Pages

ဘီးလင်းမြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်




MNP ၊ နိုဝင်ဘာ ၁၁

ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာ ရေးဌာန တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး  ဟောပြောပွဲ နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံ ပညာ မူလတန်းကျောင်း၌ မြို့နယ်ရုံး ဝန်ထမ်းများက သွားရောက် ဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က လူကုန်ကူးမှုအန္တရာယ် အကြောင်းအသိ ပညာပေး ဟောပြောခဲ့သည်။ 


ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စိတ်ဝင်စားဖွယ် ကလေး စာပေ စာအုပ်များကို လေ့လာဖတ်ရှူ့စေပြီး  ကွမ်းစားသုံးမှု အန္တရာယ်၊လူကုန်ကူးမှုအန္တရာယ် နှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်‌ရေး  အသိပညာပေး နံရံကပ်စာ‌စောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်း သူများက စိတ်ဝင်တစား လေ့လာ ကြည့်ရှူ့ခဲ့ ကြသည်။ 


ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများအား မိမိ စိတ်ကြိုက် ရွေးချယ်ဖတ်ရှူ့ထားသည့် စာအုပ်များဖြင့် ပုံပြင်ပြောပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်ပေးခဲ့  ကြောင်းသိရသည်။ 


ဇာနည် 

https://t.me/MyanmarNationalPost

No comments:

Post a Comment