Pages

Pages

မိုင်းခတ်မြို့၌ စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲကျင်းပ



MNP - နိုဝင်ဘာ   ၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ (၃၇) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင် လှည့်လည်ပူဇော်ပွဲကို ယနေ့မွန်းလွှဲ(၂)နာရီအချိန်က စုရပ်ဖြစ်သောမြို့ လယ်ပန်းခြံရှိလွတ်လပ်ရေးကျောက်တိုင်ကွင်းမှ တစ်ဆင့်ကျော်စိုးမိုးလမ်း၊ မင်းရန်အောင်လမ်းတစ်လျှောက် စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခဲ့ကြသည်။


ထို့သို့လှည့်လည်ပူဇော်ရာတွင် မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  လူမှုရေးအသင်းအဖွဲ့များ၊ မိုင်းခတ်မြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့မှစေတနာရှင်၊ အလှူရှင်များလိုက်ပါ၍ စုရပ်ဖြစ်သောမြို့ လယ်ပန်းခြံရှိလွတ်လပ်‌ရေးကျောက်တိုင်ကွင်းမှ တစ်ဆင့်ကျော်စိုးမိုးလမ်း၊ မင်းရန်အောင်လမ်းအတိုင်း မိုင်းခတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နောင်မိုပရိယတ္တိကျောင်းတိုက်တွင် ပဒေသာပင်များအား ပူဇော်ခံထားရှိကြောင်းနှင့် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာရေစက်ချ အခမ်းအနားကို နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment