မြင်းခြံဗဟိုအကျဉ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့်အကျဉ်းသား (၁၁၆) ဦး လွတ်မြောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံဗဟိုအကျဉ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့်အကျဉ်းသား (၁၁၆) ဦး လွတ်မြောက်

 



MNP - နိုဝင်ဘာ  ၁၇


မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင်အတွင်းရှိ အချုပ်သား၊ အချုပ်သူများအနက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် လွတ်မြောက်သွားသော အချုပ်သား(၁၁၆)ဦးအား လွှတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းတည့်(၁၂)နာရီက မြင်းခြံဗဟိုအကျဉ်းထောင်တွင် ကျင်းပသည်။


အခမ်းအနားတွင် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယရဲမှူးကြီး ဇေယျာကျော်တို့က ဩဝါဒစကားများနှင့် အမှုပိတ်သိမ်း၍လွှတ်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက လွတ်မြောက်သွားသော အကျဉ်းသားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်၊ လွတ်လူခရီးစရိတ်နှင့်စားစရိတ်များ ပေးအပ်ခဲ့ကြသည်။


အခမ်းအနားသို့ မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ ဒုတိယရဲမှူးကြီး ဇေယျာကျော်၊ မြင်းခြံအကျဉ်းထောင်မှ ဒုတိယညွှန်ကြားရေးမှူးဦးတင်ချိုနှင့် ပြစ်မှုဆိုင်ရာပိတ်သိမ်းခြင်းကြောင့် လွတ်မြောက်သွားသောအချုပ်သားများ တက်ရောက်ခဲ့ကြပြီး ပြစ်မှုဆိုင်ရာအမှုများအား ပိတ်သိမ်းပေးခြင်းကြောင့် လွတ်မြောက်သွားသော အချုပ်သား(၁၁၆) ဦးအား မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)