Pages

Pages

ရေဖြူမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

 



MNP - နိုဝင်ဘာ  ၁၁


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်  ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန် ပျော်ရွှင်မှုရစေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။


ရှေးဦးစွာ ရေဖြူမြို့နယ်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ အ-ထ-က ရေဖြူမှ ကျောင်းသား/သူများက ကွမ်းသီးကောက်ပြေးပြိုင်ပွဲ၊ ဂုံနီအိတ်စွပ် ပြေးပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများကို စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က ပြိုင်ပွဲ၌ ဆုရရှိသူများအား အမှတ်တရပစ္စည်းလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။


သတင်း - ခတ္တာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment