Pages

Pages

ဂွမြို့၊ ရဟိုင်ဖျားကျေးရွာ အုပ်စုတွင် တောဆင်ရိုင်းများ ဝင်ရောက်




MNP - နိုဝင်ဘာ  ၂၂


ရခိုင်ပြည်နယ်၊ ဂွမြို့နယ်  ရဟိုင်ဖျားကျေးရွာအုပ်စုတွင် နိုဝင်ဘာလ(၂၀)ရက်နေ့ ည(၁၁)နာရီက တောဆင်ရိုင်း(၃)ကောင် ဝင်ရောက်ခဲ့ပြီး ကွမ်းခြံနှင့် နေအိမ်တဲမီးဖိုချောင်များ ပျက်စီးခဲ့ကြောင်း သိရသည်။


ရဟိုင်ဖျားကျေးရွာ အုပ်စု၊ မွေတွေ့ကျေးရွာနှင့် ထုံးဖိုတောင်ကြား ဒေသအခေါ် ညောင်လှ တွင် တောဆင်ရိုင်း(၃)ကောင် ဝင်ရောက်မှုကြောင့်  ကွမ်းပင် ၃၀၀၀ခန့်နှင့် ဓနိမိုး၊ ထရံကာ၊ နေအိမ်တဲ (၂) လုံး၊ ကွမ်းခြံရေလောင်းရာတွင်အသုံးပြုသည့် ရေပိုက်တစ်ခု ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်တဲမီးဖိုချောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


အဆိုပါ တောဆင်ရိုင်း(၃)ကောင်အား ဒေသခံများမှ ဝိုင်းဝန်းခြောက်လှန့် မောင်းထုတ်ခဲ့ရာ နိုဝင်ဘာလ (၂၀)ရက်နေ့ ည(၁၂)နာရီခန့်တွင် ဒေသအခေါ် ကျားချောင်းတော အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment