ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ(ပထမအသုတ်)ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ(ပထမအသုတ်)ဖွင့်ပွဲအခမ်းအနားကျင်းပ







MNP ၊ နိုဝင်ဘာ ၁၀

 ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲ(ပထမအသုတ်)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ကြီးနှင့် ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။


ဦးစွာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်က တိုင်းရင်းသားဘာသာ စကားသင် ဆရာ/ဆရာမများနှင့် အသစ်ထပ်မံခန့်အပ်မည့် ဆရာ/ဆရာမများအတွက် ယခုလို အထောက်အကူပြုဆွေးနွေးပွဲများကို ဆက်လက်စီစဉ်ပို့ချရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆွေးနွေးပွဲများဆောင်ရွက်ခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင်တွင်အများနှင့် အတူတကွနေထိုင် သည့်အခါ ကိုယ်ကျင့်တရားကောင်းမွန်ပြီး နိုင်ငံကြီးသားပီသလာမည်ဖြစ်ကြောင်း၊ မိမိတို့ရိုးရာယာဉ် ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းလာမည်ဖြစ်ကြောင်း၊ လူမှုဆိုင်ရာ ကျွမ်းကျင်မှုများဖြစ်သည့် ဆက် သွယ်ပြောဆိုခြင်း၊ လေးနက်စွာဆန်းစစ်ဝေဖန်ခြင်းနှင့် တီထွင်ဖန်တီးခြင်း စသည့် ကိုယ်ရည်ကိုယ် သွေးများကျွမ်းကျင်မှုရရှိနိုင်မည်ဖြစ်သည့်သပြင် နိုင်ငံဝန်ထမ်း ဉပဒေ၊ နည်းဉပဒေများကို သိရှိလာ မည်ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲမှရရှိခဲ့သည့် ပညာအသီးအပွင့်များကို ပြန်လည်လက်ဆင့်ကမ်းနိုင် မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။ 


ထို့နောက် ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မီမီဝင်းက တက်ရောက် လာကြသည့် ဆရာ/ဆရာများအား သင်တန်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ သည်။


အဆိုပါဆွေးနွေးပွဲတွင် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ သင်တန်းသားဆရာ(၆၄)ဦး၊ သင်တန်းသူဆရာမ(၅၁၁)ဦးတို့  တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကာ သင်တန်းကာလမှာ (၃-၁၁-၂၀၂၂) ရက်နေ့မှ ‌(၂၅-၁၁-၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)