Pages

Pages

(၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲနေ့ အလှမီးပုံးပျံပြိုင်ပွဲ စတင် ကျင်းပ

 



MNP - နိုဝင်ဘာ   ၆


၂၀၂၂ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်  ဒုတိယနေ့အဖြစ် ယမန်နေ့ မွန်းလွဲ ၁ နာရီက မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးအနီးရှိ မီးပုံးပျံကွင်းအတွင်း၌ နေ့အလှမီးပုံးပျံပြိုင်ပွဲကို စတင်ကျင်းပခဲ့ကြောင်း သိရသည်။


ပြိုင်ပွဲကျင်းပရာတွင် ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ပြိုင်ပွဲဝင်နေ့အလှ အရုပ်မီးပုံးပျံများ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်အုပ်စုအသီးသီးတို့မှ တိုင်းရင်းသားရိုးရာအကများ၊ ဦးရွှေရိုး ဒေါ်မိုးအကများ၊ အိုးစည် ဒိုးပတ်များဖြင့် ကွင်းအတွင်း ပျော်ရွှင်စွာ ဖျော်ဖြေခဲ့ကြကာ ရပ်ကွက်ကြီး(၃) တော်ဝင်မီးအဖွဲ့၏ ပြိုင်ပွဲဝင်ရွှေလိပ်အုပ်စု၊ ဆင်လမ်းမှ ရွှေဆင်နေ့အလှမီးပုံးပျံ၊ ရပ်ကွက်ကြီး (၁၄) မိသားစု၏ ကျိုးဖြူ၊ အင်ယားအုပ်စု၏ ငြိမ်းချမ်းရေးခို၊ ရွှေသွန်းမီးအမည်ရှိ ဇာမဏီရုပ်၊ သီဟအားမာန်အဖွဲ့၏ ရွှေငါးအုပ်စု၊ A1 မီး၏ ကြက်ဖနှင့် ရွှေဘဲ နေ့အလှမီးပုံးပျံများ ကို မြိုင်မြိုင်ဆိုင်ဆိုင် လွှတ်တင် ယှဉ်ပြိုင်ခဲ့ကြသည်။


၂၀၂၂ခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် နေ့အရုပ်အလှ(၄၆)လုံး အားနေ့အလိုက် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကာ ဆုများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရကာ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်‌ဘောလုံးပြိုင်ပွဲနှင့် ရိုးရာခြင်းအလှခတ်ပြိုင်များလည်း ကျင်းပခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment