Pages

Pages

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်) မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်





MNP ၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသားကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့ နံနက်က အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းက ကျောင်းသားကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဌာနမှူးများနှင့် ပထမနှစ်သင်ကြားမည့် ဆရာဆရာမများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခဲ့ကြသည်။


ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၏ ပထမနှစ်(ပထမနှစ်ဝက်)တွင် (၂၀၂၁-၂၀၂၂)ပညာသင်နှစ် ၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ (၂၀၂) ဦးတို့ ဝင်ခွင့်ရရှိကြပြီး ဆရာဆရာမ (၃၈) ဦးတို့က သင်ကြားပေးသွားမည်ဖြစ်သည်။


ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့ အတွက် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် (ဒုတိယနှစ်ဝက်)သင်တန်းများ၊ ပဉ္စမနှစ်(ဒုတိယနှစ်ဝက်) သင်တန်းများနှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်းများကို ဖွင့်လှစ် သင်ကြားလျှက်ရှိရာ ကျောင်းသားကျောင်းသူ စုစု‌ပေါင်း (၄၉၅) ဦးတို့ တက်ရောက်ကြလျှက်ရှိကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment