Pages

Pages

မိုင်းဖြတ်မြို့နယ်၌ မီးဘေးသင့်မိသားစုဝင်အား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများထောက်ပံ့ပေးအပ်

 




MNP - နိုဝင်ဘာ   ၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့် မိသားစုဝင်အား ထောက်ပံ့ငွေနှင့် မိသားစုအသုံးအဆောင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွှဲ ၂နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သက်ထားဇာဇာတို့က အောက်တိုဘာလ ၂၄ ရက်က တောညုကျေးရွာ တွင် ဘက္ထရီအိုးအားသွင်းထားရာမှတစ်ဆင့် နေအိမ်မီးလောင်ကျွမ်းခဲ့သည့် အိမ်ထောင်စု တစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး(၂၃၀၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment