Pages

Pages

ပိုင်ကျုံမြို့၌ မြို့သာယာလှပရေးအတွက် အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း (၈၅)ရာခိုင်နှုန်း ပြီးစီး



MNP   နိုဝင်ဘာ  ၁၁


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့်   လမ်းများ၊ တံတားများ တည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပ‌ရေးအတွက် Flower Boxများနှင့် အုတ်စီရေမြောင်းများ တည်ဆောက်ပေးခဲ့သည်။


ပိုင်ကျုံမြို့တွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန် ပုံငွေကျပ် (၆၃၁) သန်းဖြင့် အုတ်စီရေမြောင်းလုပ်ငန်း (၄) ခု တည်ဆောက်ခြင်း လုပ်ငန်းကို ဩဂုတ်လအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၀ ရက်နေ့ အထိ (၈၅)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း၊  အဆိုပါ လုပ်ငန်းများ သတ်မှတ်အချိန် ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက်   မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက  အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယင်းလုပ်ငန်းများပြီးစီးပါက မြို့သာယာလှပ‌လာမည့်အပြင် ရေစီးရေလာကောင်းမွန်လာပြီး ဒေသနေပြည်သူမအနေဖြင့် ကျန်းမာရေးနှင့်အညီ လူနေမှုဘဝနှင့်  သွား‌ရေးလာ‌ရေးအတွက် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။


သတင်း - နော်ခူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment