ဝါးခယ်မမြို့နယ် တိုက္ကလားကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါးခယ်မမြို့နယ် တိုက္ကလားကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 


MNP - နိုဝင်ဘာ  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က တိုက္ကလားကျေးရွာအုပ်စု၊ တိုက္ကလားမြောက်ရွာ၊ ပုညဝတီဘုန်းတော်ကြီးကျောင်း၌ မြောင်းမြခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ စစ်ကြောင်းကြီး(၅)ကြောင်းမှ တာဝန်ရှိသူများက၎င်းကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။


နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးအစီ အမံများ၊ ကျေးရွာလျှပ်စစ်မီးလင်းရေးကိစ္စရပ်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင် ရွက်ရန်လိုအပ်ချက်များ၊ အခြေခံလူဦးရေစာရင်းများ တိကျမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ၊ ကျေးလက်လမ်း ခင်းကျင်းရန် လျှာထားမှုများ၊ နွေစပါး၊ ပဲတီစိမ်း၊ နေကြာစသည့်သီးနှံ စိုက်ပျိုးဖြစ်ထွန်းမှုတို့အား အသိပေးဆွေးနွေးကာ နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းပါဝင်ရန်လိုအပ်မှုအား အကျယ်တဝင့် ရှင်းလင်းပြောကြား၍ လိုအပ် သောလုံခြုံရေးအစီအမံများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ဟိန်းထက်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)