Pages

Pages

အမ်းမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ ပြပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ





MNP ၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူပေါင်းပြီး (၁၀၂) နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ အ ထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊  နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို  ယမာန်နေ့ နေ့လယ်အချိန်က အထက(၁) ခန်းမ၌ ပြုလုပ်ခဲ့ သည်။


(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို)အဖြစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာ ရှိ ဦးစန်းဝင်းက ပြပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အ ကြောင်းအရာများ၊ ပညာရေးမျှော်မှန်းချက်၊  ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသောကျောင်းသားကြီး(၁၁)ဦး၏ အကြောင်းများကို ပြောကြားခဲ့သည်။

ထို့နောက် ကျောင်း သား၊ကျောင်းသူများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်နှင့် ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်များကို  လေ့လာဖတ်ရှု့ခဲ့ကြသည်။


ဟောပြောပွဲသို့ တက်ရောက်လာသူများနှင့်  ပြပွဲ၊ပြခန်းများအား  လေ့လာရန်ရောက်ရှိလာသည့် ကျောင်း သားကျောင်း သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment