Pages

Pages

မိုးမိတ်မြို့တွင် (၈၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ်မဟာစုပေါင်းဘုံကထိန်လှူဒါန်းပွဲကျင်းပ



MNP - နိုဝင်ဘာ   ၆ 


ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် (၈၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ် မဟာစုပေါင်း ဘုံကထိန်လှူဒါန်းပွဲကို ယမန်နေ့ နေ့လည် ၁ နာရီ အချိန်က ရွှေတောင်ဦးမြတ်စွာဘုရား၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမာတဿ သုံးကြိမ်ရွတ်ဆို၍  အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆရာတော်သံဃာတော်များထံ သုံးပါးသောသရဂုံနှင့် (၅)စုံသော သီလတော်မြတ်ကို ခံယူဆောက်တည်ခဲ့ကြကာ ဆင်နှစ်ကောင်ကျောင်းဆရာတော် ဦးမေဓာဝီက ဩဝါဒကထာ မိန့်ကြားတော်မူခဲ့သည်။


ထို့နောက်  မဟာစုပေါင်းဘုံကထိန်ဖြစ်မြောက်ရေး အတွင်းရေးမှူး ဦးအောင်ထွန်းက ဘုံကထိန် ရှင်တမ်းကိုဖတ်ကြားခဲ့ပြီး ကြွရောက်လာသော ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းချအမှုပေးဝေခဲ့သည်။


ဆက်လက်ပြီး မဟာစုပေါင်းဘုံကထိန်တွင် ဆရာတော်သံဃာတော် (၈၇)ပါး၊ ရှင်သာမဏေ (၈၃)ပါးနှင့် မပင့်သံဃာ (၅၄) ပါးတို့အား ဆက်ကပ်လှူဒါန်းသွားခဲ့ ကြောင်း သိရသည်။


သတင်း - စည်သူဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment