Pages

Pages

ကလေးဝမြို့တွင် မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးပြုလုပ်

 


MNP -  နိုဝင်ဘာ   ၁၁


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်း အဝေးကို ယနေ့  နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။


အဆိုပါ  မြို့နယ်ကလေးသူ ငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကား ပြောကြား၍ ကလေးခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာထူးက ကလေးခရိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ သည်။ 


ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက အသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးကျော်ကျော်စိုးနှင့် ကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - သက်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment