Pages

Pages

သံတောင်ကြီးမြို့နယ် ကလေခိုအထက်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်မှု (၄၅)ရာခိုင်နှုန်းပြီးစီး




MNP - နိုဝင်ဘာ  ၁၄


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေသည့် ကလေခိုအထက်ကျေးရွာသို့ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများကကွင်းဆင်းကာ လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၀၉.၉၆) သန်းဖြင့် Cutting  ကျောက်ရောမြေ အမျိုးအစားမြေသားကုန်ထုတ်လမ်း(၂)မိုင် ဆောင်ရွက်နေသည့် ကလေခိုအထက်ကျေးရွာကို တင်ဒါအောင်မြင်သည့် Megagynamic ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီးနိုဝင်ဘာလ ဒုတိယပတ်တွင် လုပ်ငန်းဆောင်ရွက်မှု (၄၅) ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့ နယ်ဦးစီးမှူး  ဦးဇော်မင်းဦးထံမှ သိရသည်။


သတင်း - နော်နော်မူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment