Pages

Pages

မိုင်းပန်မြို့နယ်၌ မိုးစပါးသစ်စိမ်းမြေဩဇာ စံပြစိုက်ကွက် ရိတ်သိမ်းမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

 


MNP - နိုဝင်ဘာ  ၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မိုးစပါးသစ်စိမ်းမြေဩဇာ စံပြစိုက်ကွက်ရိတ်သိမ်းမှုအား မြို့နယ်အတွင်း တာဝန်ရှိသူများမှ ယမန်နေ့  နံနက်(၁၀)နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


ထိုသို့‌ ‌ဆောင်ရွက်ရာတွင် မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တောင်သူဦးသောင်းကြည်၏ ရွှေရင်အေး  SEEDER နည်းစနစ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးသစ်စိမ်း မြေဩဇာစံပြကွက်ကို စိုက်ပျိုးရေးဦးစီးဌာနမှ စပါးရိတ်သိမ်းစက်များဖြင့် ပိုမိုမြန်ဆန် ဈေးနှုန်းသက်သာစွာ ရိတ်သိမ်းပေးနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းနှင့် စပါးတစ်ဧကလျှင် စက်သုံးဆီ(၂)လီတာမျှသာ ကုန်ကျမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးထံမှသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment