ကျောက်ဆည်မြို့နယ်၌ နောင်ခမ်းဆည်ရေသောက်စနစ်မှ ရေပေးဝေနေသည့် မင်းရဲမြောင်းတွင် ပျက်စီးနေသည့် ရေပြွန်(၆)လုံး ပြုပြင်ပေးသဖြင့် မြေဧက(၂၄၀)တွင် သီးနှံမျိုးစုံ စိုက်ပျိုးနိုင်ပြီဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်၌ နောင်ခမ်းဆည်ရေသောက်စနစ်မှ ရေပေးဝေနေသည့် မင်းရဲမြောင်းတွင် ပျက်စီးနေသည့် ရေပြွန်(၆)လုံး ပြုပြင်ပေးသဖြင့် မြေဧက(၂၄၀)တွင် သီးနှံမျိုးစုံ စိုက်ပျိုးနိုင်ပြီဖြစ်

 



MNP - နိုဝင်ဘာ  ၂၇


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်၌ စိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေပေးဝေရာနိုင်ရေး နောင်ခမ်းဆည် ရေသောက်စနစ်မှ ရေပေးဝေနေသည့် မင်းရဲမြောင်းတွင် ပျက်စီးနေသည့် ရေပြွန်(၆)လုံး ပြန်လည် ပြုပြင်ပေးသဖြင့် မြေဧက(၂၄၀)တွင် သီးနှံမျိုးစုံ စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ပျက်စီးနေသည့် ရေပေးပြွန်များမှာ ပေတိုင်အမှတ် အာဒီ ၂၃+၀၀၀ မှ ၂၃+၀၀၀ အတွင်း ပဲခင်း၊မုန်တိုင်၊ကျားကာ ကျေးရွာများအနီးမှ ရေပြွန်များဖြစ်ပြီး  ခွင့်ပြုငွေ(၃၆.၀၀၀)ကျပ်သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး အရှည်(၂၀)ပေ၊ အကျယ်(၆)လက်မ သံကူကွန်ကရစ် ရေပြွန်(၆)လုံးဖြစ်ကြောင်း၊ ရေပြွန်များ ရေရှည်ခိုင်မာရေးအတွက် ရေပြွန်ထိပ်နဖူးစည်းများတွင် ကျောက်သားနံရံစီခြင်းနှင့် စိုက်ပျိုးရေများလိုအပ်သည့်အချိန်တွင် လိုအပ်သလို ထိန်းညှိပေးနိုင်ရေး ရေထိန်းတံခါးများပါ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် ရေပေးပြွန်များ ပြန်လည်ပြုပြင်ပေးခြင်းကြောင့် မင်းရဲမြောင်းမှ သီးနှံမျိုးစုံ (၂၄၀)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ထိန် းချုပ်ရေတံခါးများဖြင့် လွယ်ကူစွာ အဖွင့်အပိတ် ပြုလုပ်ပေးနိုင်သောကြောင့် ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် မြောင်းအဆုံး၊ မြောင်းအဖျားမှ စိုက်ပျိုးမြေများအထိ စိုက်ပျိုးသီးနှံများအောင်မြင်စွာ လိုအပ်သည့် ရေပမာဏပြည်ဝစွာ ပေးဝေနိုင်ပြီဖြစ် ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)