သာကေတမြို့နယ်ရှိ နွမ်းပါးသည့်ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား ဆက်လက်ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာကေတမြို့နယ်ရှိ နွမ်းပါးသည့်ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား ဆက်လက်ရောင်းချပေး




MNP - နိုဝင်ဘာ ၂၉


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် ဈေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ဆက်လက်ရောင်းချပေးလျက်ရှိရာ ယမန်နေ့မနက် (၈:၃၀)အချိန်က စက်မှုလက်မှုရပ်ကွက်၊ သုခကာရီဓမ္မာရုံစုရပ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆီ၊ ကြက်ဥများအား ရောင်းချပေးရာ၌ အိမ်ထောင်စု(၁)စုလျှင် ဆီ ၅၀ ကျပ်သားလျှင် ငွေကျပ် ၂၂၅၀ နှုန်းနှင့် ကြက်ဥ ၁ လုံး ငွေကျပ်  ၁၇၅ ကျပ်နှုန်းဖြင့် ကြက်ဥ(၅)လုံး ၈၇၅ ကျပ်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်း၏စီမံကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး၊ ပရဟိတလူမှုကူညီရေး အသင်းများပူပေါင်း၍ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်ခဲ့ကြသည်။


သာကေတမြို့နယ်၌ အခြေခံစားသောက်ကုန်များဈေးနှုန်းသက်သာစွာဖြင့် ရောင်းချရာ၌ စားဝတ်နေရေးအခက်အခဲရှိသည့် ရပ်ကွက်(၁၉)ရပ်ကွက်ရှိ ပြည်သူများအား ပထမအကြိမ်ရောင်းချပေးပြီးဖြစ်၍ ဆက်လက်ရောင်းချပေးရာ၌ စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူများကျန်ခဲ့မှုမရှိစေရေးအတွက် စနစ်တကျကြီးကြပ်၍ ရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။


သတင်း - ဆောင်းနှင်းဖြူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)