Pages

Pages

ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ



MNP - နိုဝင်ဘာ   ၂၅


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းတွင် နိုဝင်ဘာ (၂၅)ရက် မွန်းလွဲ(၂)နာရီက စာဖတ်ရှိန်မြင့်မာရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဦးထွန်းအောင်ရွှေက ပညာရဲရင့်ပွဲလယ်တင့် ဆိုသည့်အတိုင်း  ပညာတတ်များဖြစ်အောင် အသိပညာပေး ဟောပြောခြင်းများကို မှတ်သားနာယူကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင့်ရီက အသိပညာ ဗဟုသုတများ ကြွယ်ဝစေရေးနှင့် စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရရှိစေရေး ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းစာအပြင် အချိန်ကိုမှန်ကန်စွာ အသုံးချသည့်အနေဖြင့် သုတ၊ ရသစာအုပ်၊ စာပေဖတ်ရှုကြစေလိုကြောင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများအကြောင်းများ ဟောပြောခဲ့ကြောင်း သိရသည်။


ထို့နောက်  အမှတ်(၁၅) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးထွန်းအောင်ရွှေနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဗီနိုင်းပိုစတာများအား  စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment