Pages

Pages

မိုင်းခတ်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးပြုလုပ်

 


MNP - နိုဝင်ဘာ   ၁၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်စိုးက ကလေးသူငယ် များ၏ အခွင့်အရေးများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ၊ ပြည်သူလူထုများက ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားပြီး၊‌ မိုင်းခတ်မြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ဦးနှင့် ကော်မတီအဖွဲ့ဝင်များက ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment