Pages

Pages

အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆက်လက် ရောင်းချပေး



MNP - နိုဝင်ဘာ  ၂၂


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံ စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီအချိန်က မြို့မရပ်ကွက်တွင်  ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ရောင်းချရာတွင် ဒေသခံ ပြည်သူများအား နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ အိမ်ထောင်စု တစ်စုအတွက်  ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များပါ အခြေခံစားသောက်ကုန်(၆)မျိုးကို  အိမ်ထောင်စု (၃၀၀) စုတို့အား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့သဖြင့် ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။


ဈေးလာဝယ်ကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိစေရေးအတွက် နှာခေါင်းစည်း (mask)များ ဖြန့်ဝေပေးခဲ့ကြပြီး ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များမှ ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ရတနာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment