Pages

Pages

အမ်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလှူရှင်များ ၏ စုပေါင်းမဟာဘုံက ထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာလှည့်လည်





MNP ၊ နိုဝင်ဘာ ၅

ရခိုင်ပြည်နယ် ၊ အမ်းခရိုင် ၊ အမ်းမြို့နယ်တွင်  ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အလှူ ရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲ တော်ကို ယနေ့ ညနေ ၃ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာလှည့်လည် ကျင်း ပခဲ့သည်။


စုပေါင်းမဟာဘုံက ထိန်ပွဲတော်ကို မြို့ တွင်းသို့ စီတန်းလှည့် လည်ရာတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် ပဒေသာပင်(၁၅)ပင်နှင့် လှူဖွယ်ဝတ္တုများ၊ သင်္ကန်းများဖြင့်  မြို့ပေါ်ရပ်ကွက်အတွင်းသို့ စည်ကားသိုက် မြိုက်စွာလှည့် လည်ခဲ့ကြသည်။


စုပေါင်း မဟာဘုံက ထိန် ကပ်လှူဒါန်းပွဲ အခမ်း အနားကို နိုဝင်ဘာ(၆) ရက်နေ့နံနက်(၈)နာရီအချိန်တွင် ရွှေအမ်းတောင်ခန်းမတွင် ကပ်ဒိတ် ကျေးရွာ ဘုန်းတော်ကြီးအား ကထိန်လျာ သင်္ကန်းဆက်ကပ်ပြီး  ဘုန်းတော်ကြီးကျောင်း(၁၃)ကျောင်း မှ သံဃာတော်များအား ပင့်ဖိတ်၍ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment