MNP ၊ နိုဝင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတေင်မြို့နယ်ရှိ ကျောင်းသား၊ကျောင်းသူများ ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန် စွမ်း၍စာရိတ္တကောင်းမွန်သည့်နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ၂၈-၁၁-၂၀၂၂ ရက်နေ့က အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖြေဆို ကျင်းပခဲ့ကြောင်းသိရသည်။
လူရည်ချွန်စာမေးပွဲကိုမြန်မာစာ၊အင်္ဂလိပ်စာ၊အထွေထွေဗဟုသုတ၊လူတွေ့နှုတ်ဖြေ၊ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းဘာသာရပ်တို့ဖြင့် (၃)ရက်ကြာကျင်းပမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းမြန်မာစာဘာသာရပ်၌မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှGrade-9 ကျောင်းသား၊ကျောင်းသူ(၄)ဦး၊ Grade-10 ကျောင်းသား၊ကျောင်းသူ(၇)ဦး၊ Grade-11 ကျောင်းသား၊ ကျောင်းသူ(၈)ဦး စုစုပေါင်း (၁၉)ဦးဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါလူရည်ချွန်စာမေးပွဲကို မြို့နယ်ပညာရေးမှူးဦးမောင်တင်အောင်နှင့်ကြီးကြပ်ရေးမှူး ဆရာ၊ဆရာမကြီးများက အနီးကပ်ကြီးကြပ်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
လှကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment