Pages

Pages

တောင်ဥက္ကလာပမြို့နယ်တွင် အနှေးယာဉ်များ ယာဉ်အန္ထာရာယ် ကင်းဝေးစေရေးအတွက် ရောင်ပြန်ပြားများ အခမဲ့တပ်ဆင်ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်



MNP - နိုဝင်ဘာ  ၆


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရုံးဝန်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်သော ဝန်ထမ်းများ၊ အမှတ် ၂၆ ယာဉ်ထိန်းတပ်စုမှု ဦးဆောင်သော တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အနှေးယာဉ် (လူစီးဆိုက္ကား) (၃၀)စီးတို့ကို ရောင်ပြန်ပြား အခမဲ့တပ်ဆင်ပေးခြင်း၊ မော်တော်ယာဉ်မောင်းသူ များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာနိုင်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များ ပေးဝေခြင်း၊ လိုက်နာရမည့်နည်းလမ်းများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ် များကို ပြည်သူများသိရှိရန် အသိပညာပေးပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။


သတင်း - ခင်ဆွေနှင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment