ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ   ၅


မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားလာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသော ဝန်ထမ်းများအတွက် အင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မကွေးမြို့၊ ကောင်းကောင်းဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာ ယနေ့အခမ်းအနားဟာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍရှိ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုများအနက်မှ တစ်ခုအပါအဝင်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ခရီးသွားလုပ်ငန်းလူစွမ်းအား အရင်းမြစ်ဖွံ့ဖြိုးရေးကို ဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့အပြင် ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ နည်းပညာခေတ်မှာ အင်္ဂလိပ်စာတက်မြောက်မှုဟာလည်း အရေးပါကြောင်း၊ ဒါ့အပြင် ဟိုတယ်၊ ခရီးသွားဘာသာရပ်များလေ့လာမှုနှင့် ဝန်ဆောင်မှုဆိုင်ရာများကိုလည်း အင်္ဂလိပ်ဘာသာဖြင့်လေ့လာနိုင်၍ အကျိုးပြုစေမှာဖြစ်ကြောင်း၊ ယနေ့သင်တန်းကို တက်ရောက်ခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနမှ စေလွှတ်ခွင့်ပြု၍ သင်ကြားစေသောဘာသာရပ်ကို အကျိုးရှိရှိ အကောင်းဆုံးပြန်လည်အသုံးချရန်နှင့် ခရီးသွားလုပ်ငန်းဖြင့် မိမိဒေသရဲ့ စီးပွားရေး၊ လူမှုရေးကို မြှင့်တင်ဖို့မှာကြားလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အင်္ဂလိပ်စာ အခြေခံသင်တန်းတွင် ထူးချွန်အောင်မြင်သော သင်တန်းသား(၃)ဦးအား ဆုချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မကွေးဇုန်)ဥက္ကဋ္ဌမှ သင်တန်းသားများ ကိုယ်စား သင်တန်းသား(၁)ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ရာ ပထမဆုရရှိသော သင်တန်းသူတစ်ဦးမှ အင်္ဂလိပ်ဘာသာဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ကိုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)