ရ‌သေ့တောင်မြို့တွင် (၃၂)ကြိမ်မြောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရ‌သေ့တောင်မြို့တွင် (၃၂)ကြိမ်မြောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ   ၆


ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော (၃၂)ကြိမ်မြောက်မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်ကမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းခန်းမအတွင်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးနောက် သာသနာ့ဗိမာန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဦးရာဇိန္ဒ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။


ထို့နောက် ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ  မေတ္တာသုတ်ပရိတ်တရားတော်မြတ်အား နာယူဆောက်တည်ကြ ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက် က ပရဟိတဆရာတော်အရှင်သူမြတ်အား ကထိန်မသင်္ကန်းအားက ဆက်ကပ်လှူဒါန်းပြီး  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရ‌ သေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌‌ရွှေသာမှ ကိန်းသာဆရာတော် အရှင်သူမြတ်အား ကထိန်သင်္ကန်းအားဆက်ကပ် လှူဒါန်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် သာသနာ့ဗိမာန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဦးရာဇိန္ဒ ဆရာတော်ထံမှ ကထိန်အနုမောဒနာတရားတော် နာယူကြသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းလင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)