ပုလောမြို့နယ်၊ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာအုပ်စု၌ ဆင်းသုခ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ်၊ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာအုပ်စု၌ ဆင်းသုခ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

 


MNP - နိုဝင်ဘာ  ၂၂


တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကျောက်လုံးကြီးကျေးရွာအုပ်စု ကွင်းအမှတ် (၇.ခ)၊  ဦးပိုင် အမှတ်(၈၈)ရှိတောင်သူ ဦးကွန်ပဲ၏ ဆင်းသုခစပါးစိုက်ခင်း (၆.၆) ပေ အတွင်းရိတ်သိမ်းခဲ့ရာ ဆင်းသုခစပါး တင်းအစိုထွက်နှုန်း(၉၆)တင်းနှုန်းထွက်ရှိကြောင်း စိုက်ပျိုး ရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။


အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမြို့ ဦးစီးမှူးဦးသက်လွင်နှင့်ဝန်ထမ်းများ၊ မြို့စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးသော်ဇင်ထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နှင်းမြူလွင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)